About Us

SMEBi - SME Business Institute Accredation by Ministry of Planning Finance and Industry for SMEs Development Endorsed by ABE - UK & Accredation by AEA - ASEAN for Entrepreneurship Development.

Soe Hein (MD – Myanmar Endeavour Co.,Ltd)

Soe Hein - Founder of SMEBi

ဆရာစိုးဟိန်းသည် SMEBi – SME Business Institute ၏ တည်‌‌ထောင်သူတစ်ဦးဖြစ်ပါသည်။ Asia Entrepreneur Academy (AEA – Asean) အာရှစွန့်ဦးတီထွင်ကျောင်း (အာဆီယံ) ကျောင်း၏ အကြံပေးဘုတ်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကယားပြည်နယ် ရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အသင်း၏ အကြံပေးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။ စိတ်ပညာအထူးပြုဖြင့် ကျောင်းပြီးခဲ့ပြီး၊ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ကိုလည်း ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ရရှိခဲ့ပါသည်။ KPI Mastery Class နှင့် Certified Director Program တက်ရောက် အောင်မြင်ခဲ့ပြီးသူလည်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် SMEBi – SME Business Institute ကျောင်းများ၏ ABE Endorsed ဒီပလိုမာများအပြင် MBA သင်တန်းများတွင် သင်ကြားပို့ချလျှက်ရှိပါသည်။ အသေးစား၊ အလတ်စားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပေးခြင်း၊ သင်တန်းများပို့ချခြင်းများကို မြန်မာတစ်နိုင်ငံလုံးရှိ အသေးစား၊ အလတ်စားဖွံ့ဖြိုးတိုးတက်ရေးဌာနများနှင့် SMEBi – SME Business Institute ကျောင်းများတွင် ဆောင်ရွက်လျှက် ရှိပါသည်။ လူမှုရေး၊ ဘာသာရေးအသင်းများတွင် မေတ္တာဖြင့် ပညာများကိုမျှဝေလျှက်ရှိပါသည်။

ကျွန်ုပ်တို့၏အကြောင်း

Myanmar Endeavour ကုမ္ပဏီသည် ၂၈.၅.၂၀၁၅ ခုနှစ်တွင် ကုမ္ပဏီလိုင်စင်ရရှိခဲ့ပြီး SMEBi – SME Business Institute ကို ၂၀၁၅ - ၂၀၁၆ ခုနှစ်တွင် ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းလိုင်စင်အမှတ် ၂၄၀၉၂၀၂၉၈ ဖြင့်စတင်တည်ထောင်ခဲ့ပါသည်။ တည်‌ထောင်သူနာယကကြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက်နှင့် ဆရာကြီးဦးစိုးတင့်အောင် (တည်ထောင်သူ နာယက - မြန်မာနိုင်ငံ စီးပွားရေးဘွဲ့ရအသင်း) မှ ဦးဆောင်အကြံအဉာဏ်များ ပေးအပ်ပြီး ဆရာဦးစိုးဟိန်း (MD – Myanmar Endeavour Co.,Ltd) မှအုပ်ချုပ်မှုဒါရိုက်တာအဖြစ် စီမံခန့်ခွဲလျှက်ရှိပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် MSME Start-Up များအတွက် စီပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များပူးပေါင်းဆောင်ရွက်သွားရန် သ‌ဘောတူညီချက် လက်မှတ်ရေးထိုးထားပြီး စီးပွားရေးစီမံခန့်ခွဲမှု သင်တန်း၊ ဘဏ္ဍာရေးနှင့်အာမခံဆိုင်ရာသင်တန်း၊ လူ့စွမ်းအားအရင်းအမြစ်သင်တန်း၊ စျေးကွက်စီမံခန့်ခွဲမှု သင်တန်းများအား အထူးပြု၍သင်ကြားပေးနေသည့်ကျောင်းလည်းဖြစ်ပါသည်။

လက်ရှိအချိန်တွင် SMEBi – SME Business Institute ကျောင်းများ၏ ABE Endorsed ဒီပလိုမာများအပြင် MBA သင်တန်းများတွင် သင်ကြားပို့ချလျှက်ရှိပါသည်။ အသေးစား၊ အလတ်စားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပေးခြင်း၊ သင်တန်းများပို့ချခြင်းများကို မြန်မာတစ်နိုင်ငံလုံးရှိ အသေးစား၊ အလတ်စားဖွံ့ဖြိုးတိုးတက်ရေးဌာနများနှင့် SMEBi – SME Business Institute ကျောင်းများတွင် ဆောင်ရွက်လျှက် ရှိပါသည်။ လူမှုရေး၊ ဘာသာရေးအသင်းများတွင် မေတ္တာဖြင့် ပညာများကိုမျှဝေလျှက်ရှိပါသည်။

သန္ဒိဌာန်

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအား စနစ်ကျသောလုပ်ငန်းများဖြစ်အောင် အထောက်အကူပေးသည့် အဖွဲ့အစည်းတစ်ရပ်အဖြစ်ရပ်တည်ရန်။

ကျွန်ုပ်တို့၏ရည်မှန်းချက်

  • လူငယ်စီးပွားရေးလုပ်ငန်းရှင်ကောင်းများပေါ်ထွက်လာစေရန်။
  • အသေးစားနှင့်အလတ်စားလုပ်ငန်းများမှတစ်ဆင့် နိုင်ငံတစ်ကာနှင့် ရင်ဘောင်တန်းနိုင်သော စီးပွားရေး လုပ်ငန်းများအဖြစ် တိုးတင်မြင့်မားလာစေရန်။
  • ဘဏ္ဍာရေးနှင့်ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာပညာရပ်များအား ကျွမ်းကျင်သော ဝန်ထမ်းကောင်းများဖြစ်စေရန်။
  • မြန်မာနိုင်ငံတော်အစိုးရ၏ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ဦးဆောင်၍ အကောင်အထည်ဖော်နိုင်သောအဖွဲ့အစည်းအဖြစ် ရပ်တည်ရန်။

ကျွန်ုပ်တို့၏တန်ဖိုးထားမှု

  • ကောင်းမွန်သောစီမံအုပ်ချုပ်မှု
  • ဆန်းသစ်တီထွင်မှု
  • ပူးပေါင်းဆောင်ရွက်မှု
  • ရလဒ်အခြေပြုမှု
  • ရေရှည်တည်တံ့ခိုင်မြဲမှု

တိုးချဲ့ဖွင့်လှစ်ခြင်း

၂၀၁၇ ခုနှစ်မှစ၍ တောင်ကြီးကျောင်းခွဲ၊ မန္တလေး၊ မော်လမြိုင်၊ ပဲခူး၊ နေပြည်တော်နှင့် ဘားအံမြို့များ၌ပါ ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ ယခု ၂၀၂၀ ခုနှစ်တွင် လွိုင်ကော်နှင့် ရန်ကုန်(လှည်းတန်း) ကျောင်းခွဲများ ထပ်မံ၍ ဖွင့်လှစ်ခဲ့ပါသည်။

ပူးပေါင်းဆောင်ရွက်ခြင်း

(က) ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

SMEBi စတင်တည်ထောင်ချိန် ၂၀၁၅ မှစ၍ “စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန” နှင့်ပူးပေါင်းကာ စက်မှုလုပ်ငန်းများ၊ ဘဏ်နှင့်အာမခံလုပ်ငန်းများ၊ စီးပွားရေးစတင်လုပ်ဆောင်မည့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ အတွက် စီးပွားရေးစီမံခန့်ခွဲမှုသင်တန်းများ၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုသင်တန်းများ၊ စျေးကွက် စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့်အာမခံစီမံခန့်ခွဲမှု သင်တန်းများအားသင်ကြားပို့ချလျှက်ရှိပါသည်။

၂၀၁၇ ခုနှစ် နိုင်ငံတော်သမ္မတ၏ SME (အသေးစားနှင့်အလတ်စား) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ပြည်နယ်နှင့်တိုင်းဦးစီးမှူများအား စျေးကွက်စီမံခန့်ခွဲမှုပညာရပ်များကို မေတ္တာဖြင့် SMEBi မှကူညီပံ့ပိုးသင်ကြား ပေးခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင် MOPFI (Ministry of Planning, Finance & Industry) နှင့် SMEBi – SME Business Institute တို့၏အကြား MSME Start-Up များအတွက် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် စာချွန်လွှာရေးထိုးပြီး မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် နည်းစနစ်ကျသော စီမံခန့်ခွဲမှုများနှင့် စျေးကွက်ဖော်ဆောင်ရေးတို့တွင် နိုင်ငံတစ်ကာနှင့်ရင်ဘောင်တန်းနိုင်ရန် SMEBi ကေျာင်းမှ ပညာရပ်များသင်ကြားပေးခြင်းနှင့် အကြံပေးခြင်းများ အားပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။ လက်ရှိကျောင်း (၈) ကျောင်းအပြင် ပြည်နယ်နှင့်တိုင်းများရှိ “စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန” နှင့်ပူးပေါင်း၍ စီမံရေးရာနှင့် ဘဏ္ဍာရေးသင်တန်းများ သင်ကြားပို့ချလျှက် ရှိပါသည်။

ထို့အပြင် MSME Association (Yangon) နှင့် MSME Association (Kayah) အသင်းများတွင် ဦး‌ဆောင်အကြံပေးအနေဖြင့် ပါဝင်ထားပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှု အတွက် SMEBi ကျောင်းမှပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။

(ခ) ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းး

SMEBi သည်နိုင်ငံတစ်ကာအသိအမှတ်ပြု ဒီပလိုမာများအနေဖြင့် ROBINSON BUSINESS SCHOOL (SINGAPORE) နှင့် ၂၀၁၆ ခုနှစ်တွင်သဘောတူလက်မှတ်ရေးထိုးပြီး နိုင်ငံတကာအသိအမှတ်ပြုဒီပလိုမာများ သင်ကြားပို့ချလျှက်ရှိပါသည်။

၂၀၁၈ ခုနှစ်တွင် အင်္ဂလန်နိုင်ငံအစိုးရအသိအမှတ်ပြု Association of Business Executive ABE – UK နှင့်ပူးပေါင်းပြီး နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာများကို ယနေ့ထိသင်ကြားပို့ချလျှက်ရှိပါသည်။

၂၀၁၉ ခုနှစ်တွင် အာဆီယံစွန့်ဦးတီထွင်ကျောင်း AEA – Asia Entrepreneurs Academy (Malaysia) နှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပါသည်။

၂၀၂၀ ခုနှစ်တွင် ncfe UK, iQualify UK တို့အပြင် IES – International Executive School များနှင့်ပါပူးပေါင်းပြီး MBA နှင့် Ph.D ဘွဲ့များကိုပါ တိုးချဲ့သင်ကြားလျှက်ရှိပါသည်။

Meet Our Lead Instructors

Lorem ipsum dolor sit amet, consectetur adipiscing elit. Duis ac eros ut dui bibendum ultricies. Maecenas egestas fringilla semper.

Jack Lee

Lorem ipsum dolor sit amet, consectetur adipiscing elit.

Zoya Hank

Lorem ipsum dolor sit amet, consectetur adipiscing elit.

Alex Jones

Lorem ipsum dolor sit amet, consectetur adipiscing elit.

Chris Parker

Lorem ipsum dolor sit amet, consectetur adipiscing elit.

We are SMEBi.
An online learning community

At SMEBi, we believe everyone should have the opportunity to create progress through technology and develop the skills of tomorrow. With assessments, learning paths and courses authored by industry experts.

Number Speaks

10+

Awards

5+

Countries

12+

Partners

7k+

Students

What Our Students Have to Say

Click edit button to change this text. Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
Kelvin Black
From Dallas, USA
Click edit button to change this text. Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
Zasha Swan
From Australia
Click edit button to change this text. Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
Frank Jones
From Japan
Click edit button to change this text. Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
Jack Brownn
From London, UK
Scroll to Top