စည်းမျဉ်းစည်းကမ်း သဘောတူညီချက်များ။
ကျွန်ုပ်တို့ ၏ sme.com.mm(SMEBi) တွင် သင်ခန်းစာများ ဝယ်ယူလေ့လာသူများအနေဖြင့် အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများကို သဘောတူညီထားပြီး ဖြစ်ပါသည်။
၁။ Login ဝင်ရောက်ခြင်း။
အခမဲ့ သင်ခန်းစာများ သို့မဟုတ် အခပေး သင်ခန်းစာများကို လေ့လာရန် မိမိ၏ User Name / Mobile Phone Number / E-mail Address နှင့် Password ကို ဖြည့်သွင်းပြီးမှသာ Login ဝင်ရောက်ရန် သဘောတူပါသည်။
၂။ အခပေး သင်ခန်းစာများ ဝယ်ယူလေ့လာခြင်း။
သင်ခန်းစာများကို ဝယ်ယူရန်အတွက် sme.com.mm(SMEBi) မှ သတ်မှတ်ထားသော ငွေလွှဲပုံစံများဖြင့်သာ သင်တန်းကြေး ပေးသွင်းရန် သဘောတူပါသည်။
မိမိ ဝယ်ယူထားသော Package များကို ဝယ်ယူသည့်နေ့မှစပြီး ၆-လအတွင်းသာ ကြည့်ရှုခွင့်ရပါမည်။ မိမိ Login ဝင်ရောက်စဉ် Website မှ တရားဝင် ခွင်ပြုပေးထားသော User Account တစ်ခုတည်းဖြင့်သာ မိမိတစ်ဦးတည်း လေ့လာကြည့်ရှုမည်ဖြစ်ပြီး၊ မိမိ၏ User Account ကိုသော်လည်းကောင်း၊ website နှင့်သက်ဆိုင်သော Password များကို သော်လည်းကောင်း အခြားသူများအား မျှဝေသုံးစွဲခွင့် မပြုရန် သဘောတူပါသည်။
၃။ User Name နှင့် Password များ ပြောင်းလဲခြင်း။
သင်ခန်းစာ ဝယ်ယူထားသူများအနေဖြင့် ဝယ်ယူစဉ်က Website တွင် ဖြည့်သွင်းမှတ်ပုံတင်ထားသော User Name နှင့် Password ကိုသာ အသုံးပြုရမည်ဖြစ်ပြီး၊ မိမိသဘောဖြင့် ပြောင်းလဲသူံးစွဲခွင့်မရှိပါ။ အကယ်၍ ပြောင်းလဲသုံးစွဲလိုပါက Admin Team သို့ အကြောင်းကြားရမည်ဖြစ်ကြောင်း သဘောတူပါသည်။
၄။ Website ပေါ်တွင် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုခြင်း။
Website ထဲသို့ ဝင်ရောက်လေ့လာနေစဉ် User အချင်းချင်း ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခြင်း၊ အမုန်းစကားများ ရေးသားဖြန့်ဝေခြင်း၊ နိုင်ငံတော်ကို ဆန့်ကျင်သည်ဟု ယူဆရသော အသုံးအနှုန်း၊ အရေးအသားများကို သုံးနှုန်းပြောဆိုခြင်း၊ ရေးသားလွှင့်တင်ခြင်းများ လုံးဝမပြုလုပ်ရန် သဘောတူပါသည်။
၅။ SMEBi ၏ မူပိုင်ခွင့်များ။
Myanmar Endeavour ကုမ္ပဏီသည် ၂၈.၅.၂၀၁၅ ခုနှစ်တွင် ကုမ္ပဏီလိုင်စင်ရရှိခဲ့ပြီး SMEBi – SME Business Institute ကို ၂၀၁၅ – ၂၀၁၆ ခုနှစ်တွင် ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းလိုင်စင်အမှတ် ၂၄၀၉၂၀၂၉၈ ဖြင့်စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပိုင်သတင်းစာများမှတဆင့် မူပိုင်ခွင့်ဆိုင်ရာများကို ကြေငြာပြီးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ Admin Team ၏ တရားဝင် ခွင့်ပြုချက်မရှိဘဲ sme.com.mm(SMEBi) မှ သင်ခန်းစာများတွင် ပါဝင်သည့် အသံဖိုင်များ၊ ဗီဒီယိုဖိုင်များ၊ ရုပ်ပုံများ၊ Pdf များ၊ အခြား data များကို ကူးယူခြင်း၊ ပြုပြင်ခြင်း၊ ပုံတူပွားခြင်း၊ ဖြန့်ဝေခြင်း၊ ပြန်လည် ဝေငှခြင်း၊ တဆင့်ခံ ပြန်လည်ရောင်းချခြင်းများ မပြုလုပ်ရန် သဘောတူပါသည်။